About Us

သလ္လာကုမ္ပဏီကို ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် သလ္လာအထွေထွေ ကုန်သွယ်မှုလုပ်ငန်း အမည်ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ သေးငယ်သော လုပ်ငန်းငယ်လေး တစ်ခုအနေဖြင့် အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြားမှ ရုန်းကန်၍ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းနယ်ပယ်တွင် ကြိုးစား ရပ်တည်ခဲ့ရပါသည်။

သလ္လာကုမ္ပဏီသည် နယ်သာလန်နိုင်ငံ Interchemie werken “De Adelaar” BV မှဆေးများကို ၂၀၀၅ခုနှစ်မှ စတင်တင် သွင်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မသိသော အမှတ်တံဆိပ် တစ်ခုကို ဈေးနှုန်းမြင့်သော်လည်း အရည်အသွေးကို စိတ်ချ ယုံကြည်မှုဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အသိုင်းအဝိုင်းတွင် Interchemie အမှတ်တံဆိပ် အနေဖြင့် အတန်အသင့်  နေရာယူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ သလ္လာကုမ္ပဏီ အနေဖြင့် ယခုကဲ့သို့ ရပ်တည်နိုင်ရန် အားပေးကြသော မိတ်ဆွေများ အားလုံးကို အစဉ်ထာဝရ ကျေးဇူးတင်ပါသည်။

သလ္လာကုမ္ပဏီသည်

  •           ဆေးဝါးများကို အရည်အသွေးနှင့် ဈေးနှုန်း မျှတစွာ ရောင်းချပါသည်။
  •           အရည်အသွေး ပြည့်မီသော ဆေးဝါးများဖြစ်ကြောင်း အာမခံ ပါသည်။
  •           ကောင်းသတင်းဖြင့် ရပ်တည်ပြီး ကောင်းမွန်သော အရည်အသွေးဖြင့် ၀န်ဆောင်မှုပေးသွားပါမည်။

Address

No.62, Tharyargone Street, Nant-thargone Ward, Insein Township, Yangon, Myanmar.
+951 641225, +951 641935
[email protected]

Follow Us