Dexid-400

ဒက်စစ်-၄၀၀ (ခြံသုံးပိုးသတ်ဆေး)

ဆေးညွှန်း

ဒက်စစ်-၄၀၀ခြံဖျန်းပိုးသတ်ဆေး နှင့် အခြားသောပိုးသတ်ဆေးများနှင့် မတူသောထူးခြားချက်မှာ QAC နှင့် Glutaraldehyde ပေါင်းစပ်ထားပြီး ပါဝင်နှုန်းမှာလည်း အခြားပိုးသတ်ဆေးများထက် ၂ ဆမြင့်ပါသည်။ ဤကဲ့သို့ ပိုးသတ်ဆေးအုပ်စုနှစ်မျိုးပေါင်းစပ် ထားခြင်းကြောင့် ပေါင်းစပ်ထောက် ကူမှု အာနိသင်ကြောင့် ရောဂါပိုးများသတ်နိုင်မှုစွမ်းအားပိုမိုမြင့်မားလာပါသည်။ ဒက်စစ်-၄၀၀သည် တိရစ္ဆာန်များတွင် ကျရောက်ဖြစ်ပွားသော အရေးကြီးရောဂါများဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားပိုး၊ မိုက်ကိုပလတ်စမာနှင့် မှိုများကို ထိရောက်စွာသတ်နိုင်ပါသည်။ ဒက်စစ်-၄၀၀ကို ရေပူရေအေး၂ မျိုးလုံးနှင့်ရောစပ်သုံးနိုင်ပြီး အညစ်အကြေးများရှိနေစဉ်ပင် ကောင်းစွာထိုးဖောက်ပိုးသတ်နိုင်ပြီး ရေစေး (Hard water) ကြောင့်လည်းအာနိသင် ပျက်ပြယ်သွားခြင်းမရှိပါ။ သုံးပြီးပါက အလွယ်တကူဓါတ်ပြိုကွဲသွားသဖြင့် ပါတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်ပါသည်။ ဒက်စစ်-၄၀၀ကို မွေးမြူရေးအဆောက်အဦးများ၊ လုပ်ငန်းသုံးပစ္စည်းများ ပိုးသတ်ရန် သုံးနိုင်ပါသည်။ မွေးမြူရေးခြံရှိယာဉ် အ၀င်အထွက်ပိုးသတ်ကန်နှင့် ခြံစီးဖိနပ်များပိုးသတ်ရန် အထူးသင့်လျော်ပါသည်။
ဆေးချိန်
  • ရောဂါဖြစ်ပွားခြင်းမရှိချိန် ဒက်စစ်-၄၀၀ ၁ လီတာ ရေ ၄၀၀ လီတာ
  • ရောဂါဖြစ်ပွားချိန် ဒက်စစ်-၄၀၀ ၁ လီတာ ရေ ၂၀၀ လီတာ
  • တိရစ္ဆာန်သယ်ယာဉ်များ ဒက်စစ်-၄၀၀ ၁ လီတာ ရေ ၂၀၀ လီတာ
  • အစာသယ်ယာဉ်များ ဒက်စစ်-၄၀၀ ၁ လီတာ ရေ ၂၀၀ - ၄၀၀ လီတာ
  • အစာသိုလှောင်ခန်းများ ဒက်စစ်-၄၀၀ ၁ လီတာ ရေ ၂၀၀ - ၄၀၀ လီတာ
  • ယာဉ်ဆင်းပိုးသတ်ကန်များ ဒက်စစ်-၄၀၀ ၁ လီတာ ရေ ၂၀၀ လီတာ
  • ယာဉ်နှင့်ဖိနပ်ပိုးသတ်ကန်များရှိဆေးရည်ကို ၂-၃ ရက် တစ်ကြိမ် သို့မဟုတ် ဆေးရည်ညစ်ညမ်းလာပါကလဲပေးပါ။
  • ဆေးဖျန်းခြင်းကိုဆေးမှုန်ဖျန်းစက် (Fogging machine) နှင့်သုံးပါက ဒက်စစ်-၄၀၀ ၁ လီတာ နှင့် ရေ ၉ ဂါလံရောပြီး
ဖျန်းပါက ၂၀၀၀ ကုဗမီတာ (၇၀၆၀၀ ကုဗပေခန့်) အတွက် လုံလောက်ပါသည်။
ထုပ်ပိုးပုံ
၁၀၀၀ စီစီ


ပါဝင်မှု

ဆေး ၁ စီစီတွင်
Quaternary ammonium compounds 250 mg.
Glutaraldehyde 100 mg.
Isopropanol 130 mg.
Pine oil 3 mg.
Excipients ad
WordPress Tables Plugin

Address

No.62, Tharyargone Street, Nant-thargone Ward, Insein Township, Yangon, Myanmar.
+951 641225, +951 641935
[email protected]

Follow Us