Dexon-100

ဒက်စွန်-၁၀၀ (ပိုးသတ်ဆေးမှုန့်)

ဆေးညွှန်း

ဒက်စွန်-၁၀၀ ပိုးသတ်ဆေးသည် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားပိုးများ၊ မှိုများကို ထိရောက် လျင်မြန်စွာ သေဆုံးစေပါသည်။ မွေးမြူရေး တိရစ္ဆာန်များ တွင် အဖြစ်များသော လည်လိမ်ရောဂါ (ND)၊ အိုင်ဘီရောဂါ (IB)၊ အိုင်ဘီဒီရောဂါ (IBD)၊ မားရက်ရောဂါ (Marek)၊ အိုင်အယ်လ်တီရောဂါ (ILT)၊ ဥနှုန်းကျရောဂါလက္ခဏာစု (EDS)၊ ကြက်ငှက်တုတ်ကွေးရောဂါ (AI)၊ လျှာနာခွာနာရောဂါ (FMD)၊ နားရွက်ပြာရောဂါ (PRRS)၊ ဝက်ပါးစပ်နာရောဂါ (SVD) ဖြစ်စေသောဗိုင်းရပ်စ်ပိုးများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။ မွေးမြူရေးလုပ်ငန်းသုံးပိုးသတ်ဆေးများတွင် အန္တရာယ်အနည်းဆုံး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုအနည်းဆုံးဖြစ်ပြီး ရောဂါကျရောက်စဉ် တိရစ္ဆာန်များဖယ်ရှားခြင်းမပြုပဲ ဖျန်းနိုင်သည်။ လုံးဝအန္တရာယ်မရှိ ဟုဆိုလိုခြင်း မဟုတ်ပါ။ အန္တရာယ်နည်းသည်ဟုဆိုလိုပါသည်။ လိုအပ်သောအကာကွယ်ပြုလုပ် ပြီးသုံးစွဲသင့်ပါသည်။ မလိုအပ်ပဲ မြေထဲရေထဲသို့ မကျရောက်စေ သင့်ပါ။
သုံးစွဲပုံ
  • မွေးမြူရေးခြံ ပိုးသတ်ခြင်းအတွက် ဆေး ၁ ကီလိုဂရမ်ကို ရေ ၁၀၀ လီတာနှင့်ရောစပ်ပြီးသုံးစွဲပါ။ ဖိအားမြင့်ရေဆေးစက် ( pressure washer ) သုံးပါကဖျော်စပ်ပြီး ဆေး ၂၅၀-၃၀၀ စီစီကို ၁ စတုရန်းမီတာနှုန်းဖျန်းပါ။
  • လေထဲသို့ရေမှုန်အနေနှင့် ဖျန်းခြင်း ( misting ) အတွက်ဆေး ၁ ကီလိုဂရမ်ကို ရေ ၃၀၀ လီတာနုန်းရောစပ်ပြီးသုံးပါ။
  • လေထဲသို့မြူမှုန်အနေနှင့် ဖျန်းခြင်း ( fogging )အတွက် ဆေး ၁ ကီလိုဂရမ်ကို ရေ ၂၀ လီတာနှင့်ရောစပ်ပြီးသုံးပါ။
  • သောက်သုံးရေပိုးသတ်ရန် ဆေး ၅၀ ဂရမ်ကို ရေ ၅၀ လီတာနှင့်ဖျော်ပါ။
  • ရေပိုက်လိုင်းများတွင်ကပ်ငြိနေသော အညှိများဖယ်ရှားရန် ဆေး ၁ ကီလိုဂရမ်ကို ရေ ၁၀၀ လီတာနှုန်းဖျော်စပ်ပြီး ပိုက်လိုင်းအတွင်း မိနစ် ၃၀ ထားပြီးမှရေပြန်ထုတ်ပါ။ ရောစပ်ထားသောဆေးရေကို ဒုတိယအကြိမ်ပြန်ဖြည့်ပြီး မိနစ် ၃၀ ထားပြီးရေပြန်ထုတ်ပါ။
  • ယာဉ်နှင့်ပစ္စည်းများဆေးကြောရန် ဆေး ၁ ကီလိုဂရမ်ကိုရေ ၁၀၀ လီတာနှုန်းဖျော်၍ ဖိအားမြင့်ရေဆေး စက်ဖြင့် ဆေးပါ။ ခြေထောက်နှင့် ကားဘီးများဖြတ်ရန် ကန်များအတွက်ဆေး ၁ ကီလိုဂရမ် ရေ ၁၀၀လီတာနှုန်းဖျော်ပြီး သုံးပါ။ ဆေးရေအလွန်ညစ်ညမ်းလာလျင် သို့မဟုတ် တစ်ပတ်လျင် တကြိမ်အသစ်လဲပါ။
ဒက်စွန်-၁၀၀ သည်ရေတွင်ဖျော်ထားပြီးပါက အာနိသင်မပျက်ပဲ ၇-ရက် အထိထားနိုင်ပါသည်။
ထုပ်ပိုးပုံ
၅၀၀၀ ဂရမ်


ပါဝင်မှု

Potassium peroxymonosulphate 35 - 55%
WordPress Tables Plugin

Address

No.62, Tharyargone Street, Nant-thargone Ward, Insein Township, Yangon, Myanmar.
+951 641225, +951 641935
[email protected]

Follow Us