Gentadox WS

ဂျင်တာဒေါက်စ် (ရေဖျော်ပဋိဇီဝဆေးမှုန့်)

ဆေးညွှန်း

ဂျင်တာမိုင်စင်သည် အစာအိမ်အူလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်း ရောဂါများကို ကုသရာတွင် သုံးနိုင်ပါသည်။ အီး-ကိုလီကြောင့်ဖြစ်သော ရောဂါများ၊ ၀မ်းကျရောဂါ များ၊ ဆဲလ်မိုနဲလား ရောဂါများကို ကုသရာတွင် သုံးစွဲနိုင်ပါသည်။ ဒေါက်စီဆိုင်ကလင်သည် အူလမ်းကြောင်းမှ စုပ်ယူမှု အထူးကောင်းမွန်သည့်အပြင် ထူးခြားချက်တရပ်အနေဖြင့် အဆုတ်သို့ရောက်ရှိမှု ကောင်းသည့်အတွက် ဒေါက်စီဆိုင်ကလင်းကို စီ-အာ-ဒီ၊ ကော်ရီဇာကဲ့သို့ အသက်ရှူလမ်းကြောင်း ရောဂါများ၊ အီး-ကိုလီ၊ ၀မ်းကျ ကဲ့သို့ အစာအိမ်အူလမ်းကြောင်း ရောဂါများကို ထိရောက်စွာ ကုသနိုင်သည်။ ဂျင်တာဒေါက်စ်သည် ဒေါက်စီဆိုင်ကလင်းနှင့် ဂျင်တာမိုင်စင် တွဲဖက်ထားခြင်းကြောင့် ရောဂါပိုးများကို ပိုမိုထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

ဆေးချိန်

ရေဖျော်တိုက်ရန်။

  • နွားငယ်၊ သိုး၊ ဆိတ် - ဆေး ၁ ဂရမ် ကိုယ်အလေးချိန် ၂၀ ကီလို ၁ ရက် ၂ ကြိမ် ၊ ၃ - ၅ ရက်။
  • ကြက်၊ ၀က် - ဆေး ၁ ဂရမ် ရေ ၁ လီတာ ၊ ၃ - ၅ ရက်။

ထုပ်ပိုးပုံ

၁၀၀ ဂရမ် / ၁၀၀၀ ဂရမ်


ပါဝင်မှု

ဆေး ၁ ဂရမ်တွင်
Doxycycline hyclate 100 mg.
Gentamicin sulphate 50 mg.
Excipients ad 1 g.
WordPress Tables Plugin

Address

No.62, Tharyargone Street, Nant-thargone Ward, Insein Township, Yangon, Myanmar.
+951 641225, +951 641935
[email protected]

Follow Us